မိခင်နို့တိုက်ကျွေးတဲ့ မေမေတွေသာ ရနိုင်မယ့် ကျန်းမာရေးကောင်းကျိုးများ
မိခင်နို့တိုက်ကျွေးတာက ရင်သွေးလေးတွေကိုပဲ ကျန်းမာစေတယ်လို့ အများက လက်ခံယူဆထားကြပေမယ့် မိခင်နို့ တိုက်ကျွေးခြင်းက မေမေရော ရင်သွေးလေးကိုပါ ကျန်းမာစေတာပါ။ ဒီတစ်ခေါက်တော့ မိခင်နို့ တိုက်ကျွေးတာကနေ မေမေတွေ ရနိုင်မယ့် ကျန်းမာရေးအကျိုးကောင်းကျိုးလေးတွေကို ဝေမျှပေးချင်ပါတယ်။
မိခင်နို့တိုက်ကျွေးတဲ့ မေမေတွေသာ ရနိုင်မယ့် ကျန်းမာရေးကောင်းကျိုးများ
- သားအိမ်ကို ပုံမှန်အရွယ်အစား ရောက်ရှိစေဖို့ ထောက်ကူပေးတယ်
- မီးဖွားပြီးချိန် သွေးဆင်းနိုင်ခြေကို နည်းစေတယ်
- ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်
- သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေ နည်းစေတယ်
- မွေးဖွားပြီးချိန် စိတ်ဓာတ်ကျတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးတယ်။
- မိခင်နို့တိုက်ကျွေးတာက မေမေတွေကို အောက်စီတိုစင် နဲ့ Prolactin ဟော်မုန်းတွေ ထွက်ရှိစေတာကြောင့် စိတ်ဖီစီးမှုကို ပြေလျော့စေပြီး စိတ်ခံစားမှုကို ကောင်းစေနိုင်ပါတယ်။
- ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေတယ်
- စိတ်ဓာတ်ကျမှု ကင်းစေပါတယ်
- မေမေနဲ့ ရင်သွေးလေးကြား ချစ်ခြင်း တိုးပွားစေနိုင်တယ်
- ပြင်ဆင်ပေးရ လွယ်ကူသလို အာဟာရပြည့်ဝမှုက ရင်သွေးလေးကို ကျန်းမာစေတာကြောင့် ကလေးကြောင့် စိတ်ညစ်ရမှု ကင်းစေပါတယ်။
မိခင်နို့တိုက်ကျွေးတာက မေမေတွေကို ရောဂါတွေကနေ ကာကွယ်ပေးတယ်
- ရင်သား ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်
- သားအိမ်ကင်တာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
- လိပ်ခေါင်း ဖြစ်နိုင်ခြေ နည်းစေတယ်
- အဆစ်ရောင်တာ မဖြစ်စေဖို့ ကာကွယ်ပေးတယ်
- ဟော်မုန်းပြဿနာတွေ ကင်းစေတယ်
- အသက်အရွယ်ကြောင့် အရိုးပွတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးတယ်
- ဆီးချို မဖြစ်အောင် ကာကွယ်ပေးတယ်
- သွေးပေါင်ထိန်းညှိပေးပြီး သွေးတိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်
- နှလုံးကျန်းမာစေတယ်
- နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ကင်းစေတယ်
- အိပ်ပျော်စေတယ်
- ကိုယ်အလေးချိန် ထိန်းပေးတယ်။